Sunday, 15 April 2018

နိစ္စဒါနဝိဟာရကျောင်းတွင် လိုအပ်သောနေရာများ၌ လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် 
T&Lအဖွဲ့မှ RM 200
 Mr KHOR YAM KUANGမှ RM100 နှင့် 
T&L Nasi Ayam RM30တို့အား နိဗ္ဗာန်ကို ရည်မှန်း၍ ရိုသေစွာ လှူဒါန်းပါသည် ခင်ဗျာ။ ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကြောင့် နိဗ္ဗာန်မြတ်ဖိုလ်သို့ ရက်တိုတိုဖြင့် ရောက်ကြပါစေသောဝ်...သာဓု သာဓု သာဓု











နိစ္စဒါနပရဟိတအသင်းတွင် လိုအပ်သော နေရာများ၌ လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် ငွေနှင်းပွင့်မြန်မာဆိုင်မှ rm300အား စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသွားပါသည်။ ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကြောင့် မြတ်ဖိုလ်နိဗ္ဗာန်ကို ရက်တိုတိုဖြင့် လျှင်မြန်စွာ မြတ်မှောက်ပြုရပါစေသောဝ်...။ သာဓု သာဓု သာဓု။






Saturday, 14 April 2018


နိစ္စဒါန၀ိဟာရကျောင်းတွင် လိုအပ်သောနေရာများ၌ အသုံးပြုနိုင်ရန်အတွက် ကွမ်တန်းမြို့ငါးစက်ရုံအဖွဲ့မှ rm70အား နိဗ္ဗာန်အား ရည်မှန်း၍ စေတနာထက်သန်စွာလှူဒါန်းသွားပါသည်ခင်ဗျာ။ သာဓု သာဓု သာဓု ....။
















အောင်လွင်နှင့်ကွမ်တန်းမြို့ရှိသူငယ်ချင်းများအဖွဲ့မှ နိစ္စဒါနပရဟိတအသင်းတွင် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် rm 500အား စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းသွားပါသည်ခင်ဗျာ။ ဤသို့လှူဒါန်းရသော ကုသိုလ်ကံစေတနာတို့ကြောင့် နိဗ္ဗာန်မြတ်ဖိုလ်သို့ ရက်တိုတိုဖြင့် ရောက်ပါစေသောဝ်...။ သာဓု သာဓု သာဓု

Monday, 2 April 2018

ကျွန်​​တော်​များနိစ္စဒါနပရဟိတအသင်းသည်​ မ​လေး​ရှား​ရောက်​ မိမိတို့မြန်​မာပြည်​သားများ၏ အကျိုးစီးပွားကို လိုလားသည့်​အ​လျောက်​ မ​လေးရှားတွင်​လာ​ရောက်​၍ မိသားစုဝမ်း​ရေးအတွက်​ ခက်​ခဲစွာ ရုန်းကန်​​နေကြရ​သော မိမိတို့နိုင်​ငံသားများ၏ ကျန်းမာ​ရေးနှင့်​ပတ်​သတ်​၍ကြုံ​တွေ့ကြရ​သော အခက်​အခဲ ဆင်းရဲဒုက္ခတို့မှ ကင်း​ဝေးကြပါ​စေ သည်​အ​နေဖြင့်​ စွမ်းနိုင်​သည့်​ဘက်​မှ ကူညီ​ဆောင်​ရွက်​​ပေးလျက်​ရှိပါသည်​။

သို့ပါ​သော်​လည်း စိတ်​ဓာတ်​ပိုင်း ၊ ညီညွတ်​မှုအပိုင်း ၊ စည်းကမ်းပိုင်းတို့၌ မိမိတို့အ​နေဖြင့်​ အားကျရ​သော ၊ ​လေးစားရ​သော ၊ မိမိတို့အသင်းထက်လဲပို၍ စွမ်းနိုင်​​သော ကရုဏာတရား  ၊ ​မေတ္တာတရား ၊ ကိုယ်​ချင်းစာတရား ၊ သစ္စာတရား ၊ အနစ်​နာသမားတို့ဖြင့်​ ​ပေါင်းစည်းကာ မိမိတို့နိုင်​ငံသားများအကျိုးကို ကူညီ​ဆောင်​ရွက်​​ပေး​နေပါ​သော အ​သောကကျန်းမာ​ရေး​ဖောင်​​ရှင်း(စီနိုင်း)၏ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုလုပ်​ငန်းများတွင်​ ကိုယ်​တိုင်​ရသမျှအချိန်​​လေးမှာ အင်​အားဖြည့်​ပါဝင်​ခဲ့သလို အ​သောကကျန်းမာ​ရေး​ဖောင်​​ဒေးရှင်း၏ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုလုပ်​ငန်းများတွင်​ လိုအပ်​သလိုပြန်​လည်​၍အသုံးပြုနိုင်​ပါ​စေရန်​အတွက်​လဲ အလှူ​တော်​​ငွေ Rm500 ကို အသင်းတာဝန်​ရှိသူထံ ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အ​သောကကျန်းမာ​ရေး​ဖောင်​​ဒေးရှင်းအဖွဲ့သားများ ​ဘေးဘယာ​ဝေးကွာ၍ ​​စိတ်​ချမ်း​မြေ့စွာနဲ့ ယခုထက်​ပို၍ ​အများအကျိုးသယ်​ပိုးနိုင်​ကြပါ​စေ​သော်​...။

မောင်​​ဇော်​မျိုး(admin)
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)



ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်း)သည်​ မ​လေးရှား​ရောက်​မြန်​မာနိုင်​ငံသားများ၏ အကျိုးစီးပွားကို လိုလားသည့်​အ​လျောက်​ မိမိတို့နိုင်​ငံသားများ၏ ကျန်းမာ​ရေး သာ​ရေး နာ​ရေး စသည့်​ အဖက်​ဖက်​မှ မိမိတို့စွမ်းနိုင်​သ​လောက်​ ကူညီ​ဆောင်​ရွက်​​ပေးလျက်​ ရှိပါသည်​။

ထို့အတူ ပရဟိတလုပ်​​ဆောင်​​နေကြ​သော အသင်းအဖွဲ့များတွင်​ မိမိတို့အ​နေဖြင့်​ ​လေးစားအားကျရ​သော ​အသင်းအဖွဲ့များလည်း ရှိပါ၏။ ဤတွင်​ မိမိတို့အသင်းတွင်​ ရန်​ပုံ​ငွေ မလုံ​လောက်​​သော်​လည်း (လတ်​တ​လောအ​ခြေအ​နေအရ) သူတပါးထံ၌ ​ချေးငှါးအ​ကြွေးတင်​ခံ၍ မိမိတို့တာဝန်​ယူ ကူညီ​ဆောင်​ရွက်​​ပေးရ​သော လူနာအဆင်​​ပြေ​စေ​ရေး ၊ မြန်​မာပြည်​သို့လွယ်​ကူစွာ ပြန်​လည်​​ရောက်​ရှိနိုင်​​ရေး စသည်​အတွက်​ (စွမ်းနိုင်​သည်​ထက်​ပို၍) ​စေတနာအပြည့်​ဖြင့်​ ကူညီ​ဆောင်​ရွက်​​ပေးလျက်​ရှိ​သော  ဂျိုဟိုး ရတနာစက္ကနာကူအသင်း ၊ JBAO ၊ သာသနာ့​ရောင်​ခြည်​အသင်း ၊ ထွန်းသစ်​စပရဟိတအသင်း စသည်​ လူမှုကူညီ​ရေးအသင်းအဖွဲ့များ၏ ပရဟိတစိတ်​ဓာတ်​များကား (ယူလိုသူများမဟုတ်​ ကူလိုသူများ ၊ နာမည်​ရလိုသူများမဟုတ်​ ​ပေးဆပ်​သူများသာဖြစ်​၍)​လေးစားအတုယူစရာ​ပေ။

ဂျိုဟိုးမြို့သို့ ​ရောက်​ခိုက်​မှာ ၎င်းအဖွဲ့များ၏ဦး​ဆောင်​သူများနှင့်​အတူ ပရဟိတလုပ်​ငန်းများတွင်​ လိုက်​ပါအင်​အားဖြည့်​ခွင့်​ရသဖြင့်​လဲ အလွန်​​ကျေနပ်​မိပါ​၏။ အထူးသဖြင့်​ ရတနာစက္ကမှ ဦး​အောင်​ ၊ ထွန်းသစ်​စမှ ကိုထွန်းထွန်း ၊ မနက်​ကစ မိုးချုပ်​သည့်​တိုင်​ တစ်​​နေ့လုံးပရဟိတအတွက်​ အချိန်​​ပေးကာ လိုက်​ပါ​ဆောင်​ရွက်​​ပေးပါ​သော JBAO ကို​အောင်​မျိုးဦး တို့သည်​ကား ​လေးစားစရာပင်​။


ထို့​ကြောင့်​ မိမိတို့မစွမ်း​သော်​လည်း စွမ်းနိုင်​သူများပြုကြသည့်​ ပရဟိတလုပ်​ငန်းများတွင်​ မုဒိတာပွား​သောအားဖြင့်​ ရတနာစက္ကနာ​ရေးကူညီမှုအသင်းတွင်​ လိုအပ်​သလိုအသုံးပြုနိုင်​​စေရန်​ RM300 ကို အသင်းကိုယ်​စားလှူဒါန်း​ပေးခဲ့ပါသည်​။

ရတနာစက္ကနာ​ရေးကူညီမှုအသင်းကြီး ပရဟိတသစ္စာဖြင့်​ ယခုထက်​ပို၍ မိမိတို့၏နိုင်​ငံသားများ၏အကျိုးကို သယ်​ပိုးထမ်းရွက်​နိုင်​ပါ​စေ​သော်​..

မောင်​​ဇော်​မျိုး(Admin)
နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)



Sunday, 1 April 2018

သား​လေးဆလိုင်းမင်းပိုင်​နှင့်​ဆလိုင်းမင်းနိုင်​တို့၏ အသက်​(၂)နှစ်​ပြည့်​ ​မွေး​နေ့အထိမ်းအမှတ်​ကုသိုလ်​အဖြစ်​ နိစ္စဒါနဝိဟာရ​ကျောင်းတွင်​ လိုအပ်​​သလိုစီမံအသုံးပြုနိုင်​ပါ​စေရန်​ အလှူ​တော်​​ငွေ RM100 ကိုဘဏ်​မှတဆင့်​ လှူဒါန်း​ပေးခဲ့ပါတယ်​ခင်​ဗျာ..။

ဤ​ကောင်းမှု​စေတနာကံ​ကြောင့်​ သက်​ရှည်​ကျန်းမာ စိတ်​ချမ်းသာ၍ ဉာဏ်​ပညာထက်​​မြက်ေ​​သာ လူချွန်​လူ​ကောင်း​လေးများ ဖြစ်​ကြပါ​စေ​သော်​...

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း