Monday 30 October 2017

အသင်းဝင်များအား အသိပေးအပ်ပါသည်.

ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း၏ အမာခံအသင်းဝင်တစ်ဦးဖြစ်သော ကိုကျော်မျိုး (အများခေါ် ကိုပု - airputihတွင် နေထိုင်သူ)သည် မြန်မာပြည်ရှိ မိသားစုထံသို့ ခွင့်ဖြင့်(၁)လ အလည်ပြန်ခဲ့စဉ် ယနေ့မနက်တွင် ရုတ်တရက်နှလုံးရပ်ကာ မိသားစုနေအိမ်တွင်ပင် သေဆုံးခဲ့သည်ဟု မိသားစုထံမှ ကြားသိရပါသည်။
"ငါ့ညီတို့ .. မင်းတို့က ရှေ့တန်းကနေ ဦးဆောင်ပြီးတော့ ပရဟိတအလုပ်ကို လုပ်ကြတယ်။ အစ်ကိုတို့က မင်းတို့လောက် ငွေအား လူအားနဲ့ အချိန်ပေးပြီး မလုပ်နိုင်ပေမဲ့ မင်းတို့နောက်ကနေ နဲတာများတာ အပထားလို့ တတ်နိုင်တဲ့ငွေအားနဲ့ ပံ့ပိုးပေးနိုင်ပါတယ်" ဟုဆိုကာ "အသင်းဝင်တစ်ဦးဖြစ်ရင် ကိုယ်မတတ်နိုင်တာ အသာထားလို့ ကိုယ်နိုင်တဲ့အရာလေးတွေမှာ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရမယ်" လို့ ပြောလေ့ရှိတဲ့ ကိုကျော်မျိုး(ခ)ကိုပုတစ်ယောက် ပြုခဲ့တဲ့ကုသိုလ်တွေနဲ့အတူ ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ..
အသင်းသို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ တစ်နေ့တစ်ကျပ် ရက်မပြတ်ပဲ နိစ္စဒါန ပြုခဲ့သည့် စေတနာကုသိုလ်သည် တမလွန်၌ ထိုကုသိုလ်က ဘဝများစွာထိအောင် ကျေးဇူးပြုနိုင်ပါစေ... ဟုဆုတောင်း ဆန္ဒပြုရင်း မိသားစုနဲ့ထပ်တူ နိစ္စဒါနအသင်းသား/သူများမှလဲ ဝမ်းနဲရပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
နိစ္စဒါနပရဟိတအသင်း





No comments:

Post a Comment