ကိုမိုး (လှေမိသားစု)မှ RM500 ကို နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်စေရန် စေတနာထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ..
အလှူရှင်များ..
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.
စိုးရိမ်ခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ.
နိစ္စဒါနပရဟိတအသင်း
Tuesday, 31 October 2017
Monday, 30 October 2017
အသင်းဝင်များအား အသိပေးအပ်ပါသည်.
ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း၏ အမာခံအသင်းဝင်တစ်ဦးဖြစ်သော ကိုကျော်မျိုး (အများခေါ် ကိုပု - airputihတွင် နေထိုင်သူ)သည် မြန်မာပြည်ရှိ မိသားစုထံသို့ ခွင့်ဖြင့်(၁)လ အလည်ပြန်ခဲ့စဉ် ယနေ့မနက်တွင် ရုတ်တရက်နှလုံးရပ်ကာ မိသားစုနေအိမ်တွင်ပင် သေဆုံးခဲ့သည်ဟု မိသားစုထံမှ ကြားသိရပါသည်။
"ငါ့ညီတို့ .. မင်းတို့က ရှေ့တန်းကနေ ဦးဆောင်ပြီးတော့ ပရဟိတအလုပ်ကို လုပ်ကြတယ်။ အစ်ကိုတို့က မင်းတို့လောက် ငွေအား လူအားနဲ့ အချိန်ပေးပြီး မလုပ်နိုင်ပေမဲ့ မင်းတို့နောက်ကနေ နဲတာများတာ အပထားလို့ တတ်နိုင်တဲ့ငွေအားနဲ့ ပံ့ပိုးပေးနိုင်ပါတယ်" ဟုဆိုကာ "အသင်းဝင်တစ်ဦးဖြစ်ရင် ကိုယ်မတတ်နိုင်တာ အသာထားလို့ ကိုယ်နိုင်တဲ့အရာလေးတွေမှာ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရမယ်" လို့ ပြောလေ့ရှိတဲ့ ကိုကျော်မျိုး(ခ)ကိုပုတစ်ယောက် ပြုခဲ့တဲ့ကုသိုလ်တွေနဲ့အတူ ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ..
အသင်းသို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ တစ်နေ့တစ်ကျပ် ရက်မပြတ်ပဲ နိစ္စဒါန ပြုခဲ့သည့် စေတနာကုသိုလ်သည် တမလွန်၌ ထိုကုသိုလ်က ဘဝများစွာထိအောင် ကျေးဇူးပြုနိုင်ပါစေ... ဟုဆုတောင်း ဆန္ဒပြုရင်း မိသားစုနဲ့ထပ်တူ နိစ္စဒါနအသင်းသား/သူများမှလဲ ဝမ်းနဲရပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

ကိုအောင်နိုင်မိသားစုမှ အသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သောနေရာတွင် ပြန်လည်၍အသုံးပြုနိုင်စေရန် RM40 ကိုထည့်ဝင်လှူဒါန်းခဲ့ပါသည်။
ဤသို့ မွန်မြတ်သော စေတနာကုသိုလ်ကြောင့် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ လိုအင်ဆန္ဒ ဆောင်သမျှတို့ ကြံတိုင်းမသွေ ပြီးမြောက်အောင်မြင်နိုင်ပါစေသော်.... ။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
မစန်းစန်းမော် (888 food court )မှ အသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သောနေရာတွင် ပြန်လည်၍အသုံးပြုနိုင်စေရန် RM50 ကိုထည့်ဝင်လှူဒါန်းခဲ့ပါသည်။
ဤသို့ မွန်မြတ်သော စေတနာကုသိုလ်ကြောင့် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ လိုအင်ဆန္ဒ ဆောင်သမျှတို့ ကြံတိုင်းမသွေ ပြီးမြောက်အောင်မြင်နိုင်ပါစေသော်.... ။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Tuesday, 24 October 2017
Wednesday, 18 October 2017
Tuesday, 17 October 2017
မနေ့က ဂျိုဟိုးမြို့တွင် ပြုလုပ်ကျင်းပသော မနာပဒါယီဆရာတော်ဘုရား၏ ဓမ္မသဘင်ပွဲအတွက် ကရုဏာရှေ့ဆောင်အသင်းသို့ ကျွန်တော်များနိစ္စဒါနလူမှုကူညီရေးအသင်းမှ RM1000 ကို ကုသိုလ်ပြုပါဝင် လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။
အသင်းသူအသင်းသားများနှင့်တကွ အသင်းသို့ပါဝင်လှူဒါန်းပေးကြသူများအားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုကြပါကုန်...
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Thursday, 5 October 2017
နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်ပါစေရန် သားလေး ဆလိုင်းမင်းပိုင် ဆလိုင်းမင်းနိုင် တို့ညီကိုနှစ်ဦးမှ အလှူတော်ငွေ RM50 ကို ပေးပို့လှူဒါန်းပါတယ်ခင်ဗျာ..
ပရဟိတအလုပ်ကို ကူညီပံ့ပိုး လှူဒါန်းကြတဲ့ ကုသိုလ်ကြောင့် ..
ဘေးရန်ကင်းကြပါစေ..
ရောဂါခပ်သိမ်းကင်းဝေးပါစေ..
သက်ရှည်မာ စိတ်ချမ်းသာ၍
ထူးချွန်ထက်မြက်သော သားကောင်းရတနာများ ဖြစ်ကြပါစေ..
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Subscribe to:
Posts (Atom)