မိသားစုများ၏ အကူညီတောင်းခံမူကြောင့် ကျွန်တော်များ နိစ္စဒါနပရဟိတလူမူကူညီရေးအသင်းမှ လိုအပ်သည်များ လိုက်လံဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့ ၂၂.၈.၂၀၁၇--ရက်နေ့တွင် ကပုန်းနာရေးကူညီမှုအသင်းနှင့်ပူးပေါင်းကာ သေဆုံးသူ မောင်ကျော်မိုး၏ ကြွင်းကျန်သောရုပ်ကလပ်အား မီးသဂြိုလ်ရန် ကွမ်တန်းဂျာဘူမီးသဂြိုလ်အရပ်၌ ဆွေမျိုး မိသင်္ဂဟများ နိစ္စဒါနပရဟိတလူမူကူညီရေးအသင်းနှင့် ကပုန်းနားရေးကူညီမှုအသင်းတို့မှ နောက်ဆုံးခရီးစဉ်ကို ကူညီဖေးမသဂြိုလ် ပြီးစီးခဲ့ကြပါသည်။
လာရောက်အားဖြည့်ကူညီပေးခဲ့ကြပါသော ကပုန်းဥက္ကဌနှင့်တကွ ကပုန်း(၇)ရက်သားသမီးအသင်းအား ကျွန်တော်များနယ်မြေခံ နိစ္စဒါနအသင်းသားများနှင့် ကျန်ရစ်သူမိသားစုများမှ ကျေးဇူးအထူးတင်ရှိပါကြောင်း..။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

No comments:
Post a Comment