Tuesday 25 April 2017

ပါဟန်းပြည်နယ်ကွမ်တန်းမြို့အတွင်းရှိနေထိုင်ကြကုန်သောညီကိုမောင်နှမအားလုံးရဲ့ကိုယ်စား ကျွန်တော်တို့နိစ္စဒါနအသင်းမှ ကွမ်တန်းဆရာတော်အား ကာယကံ ဝစီကံ မနောကံ ကံသုံးပါးနဲ့ပြစ်မှာမိတာများ ရှိခဲ့ရင်အားလုံးခွင့်လွှတ်ပေးတော်မူပါအရှင်ဘုရားလို့ပြောတော့ ဆရာတော်ကအားလုံးခွင့်လွှတ်ပေးပါတယ်တဲ့..... ကွမ်တန်းမှညီကိုမောင်နှမများလည်း ဆရာတော်မှပြောမှားဆိုမှားရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါတဲ့အားလုံးရဲ့ကိုယ်စား တပည့်တော်တို့လည်း ခွင့်လွှတ်ပါတယ်လို့ ဝင်ခံပြီးပါပြီ။.....အားလုံးပဲလိုအင်ဆန္ဒပြည့်ဝကြပါစေဗျာ.....

Image may contain: 6 people, people sitting and people standing

မလေးရှားနိုင်ငံ ကွမ်တန်းပြည်နယ် ကွမ်တန်မြို့တွင် သီတင်းသုံးနေထိုင်တော်မူသော မြန်မာဘုန်းတော်ကြီး ဆရာတော် ဦသြဘာသသည် ကျောက်ကပ်ရောဂါခံစားပြီး ခြေထောက်နှစ်ဖက်လုံးမှာ ယောင်ကိုင်းကာ လှမ်းမလျှောက်နိုင် ဖြစ်နေပါသည်။
ထို့အပြင် ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်က္ကံတွင်နေထိုင်သူ မလေးရှားနိုင်ငံ အမ်းပန်းမြို့နယ်တွင် နေထိုင်သော ကိုအောင်ဆန်းဝင်း (အဆုတ်ရောဂါသည်)တို့သည် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်မိသားစုများမှ မြန်မာနိုင်ငံသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (OPAMM )ထံ အကူညီပေးရန် အကူညီတောင်းခံသောကြောင့် လူနာအား အမြန်ဆုံးပြန်နိုင်ရန်အတွက် လိုအပ်သောကိစ္ဗရပ်များကို မြန်မာနိုင်ငံသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့(OPAMM)အဖွဲ့ဝင် သီတဂူအထောက်အကူပြုအဖွဲ့(မလေးရှား)နှင့် ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း(မလေးရှား)တို့မှ လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ပြီး ယနေ့ (၂၅.၄.၂၀၁၇)ရက်နေ့တွင် ညပိုင်းမြန်မာလေကြာင်းခရီးစဉ် MAIလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ည၁၀း၃၀မိနစ်အရောက် မင်္ဂလာဒုံလေဆိပ်တွင် စောင့်ကြိုနေသောမိသားစု ဒကာ ဒကာမများထံ အရောက်ပို့ဆောင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် မင်္ဂလာဒုံလေဆိပ်တွင် အသင့်စောင့်နေသော နာရေးကူညီမူအသင်း(ရန်ကုန်) K AMBULANCEဖြင့် ဆရာတော်အား သံဃဆေးရုံကြီး ရွှေဂုံတိုင်သို့၊ ၄င်းကျန်လူနာအားမြောက်ဥက္ကလာပဆေးရုံများသို့ ပို့ဆာင်ကာ ပြည်တွင်း ပြည်ပ ပရဟိတအသင်းများ လက်ခြင်းယှက်ကာကူညီဖေးမ ကုသိုလ်ပြုဆောင်ရွက်မည်ဖြစ်ပါသည်။
ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း (မလေးရှား)
Image may contain: 3 people, people sitting

ပါဟန်းပြည်နယ်ကွမ်တန်းမြို့အတွင်းရှိနေထိုင်ကြကုန်သောညီကိုမောင်နှမအားလုံးရဲ့ကိုယ်စား ကျွန်တော်တို့နိစ္စဒါနအသင်းမှ ကွမ်တန်းဆရာတော်အား ကာယကံ ဝစီကံ မနောကံ ကံသုံးပါးနဲ့ပြစ်မှာမိတာများ ရှိခဲ့ရင်အားလုံးခွင့်လွှတ်ပေးတော်မူပါအရှင်ဘုရားလို့ပြောတော့ ဆရာတော်ကအားလုံးခွင့်လွှတ်ပေးပါတယ်တဲ့..... ကွမ်တန်းမှညီကိုမောင်နှမများလည်း ဆရာတော်မှပြောမှားဆိုမှားရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါတဲ့အားလုံးရဲ့ကိုယ်စား တပည့်တော်တို့လည်း ခွင့်လွှတ်ပါတယ်လို့ ဝင်ခံပြီးပါပြီ။.....အားလုံးပဲလိုအင်ဆန္ဒပြည့်ဝကြပါစေဗျာ.....
ကိုဇော်မျိုး (နိစ္စဒါနပရဟိတအသင်း)

No comments:

Post a Comment