Tuesday 13 December 2016

Image may contain: 4 people, people standing

17.11.2016ရက်နေ့ညတွင် ကွယ်လွန်သွားသော မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် (ပျားရချောင်းကျေးရွာ)နေ အဖ - ဦးထွန်းအေး + အမိ ဒေါ်သန်းနွဲ့ တို့၏သားဖြစ်သူ ကိုသိန်းထွေးအောင်၏ရုပ်အလောင်းအား 18.11.2016 တွင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြပြီး စိတ်ဝေဒနာဖြင့်ကျန်ရစ်သူ ၄င်း၏ဇနီးအား မြန်မာပြည်သို့ ပြည်လည်ပို့ဆောင်နိုင်ရေးအတွက် သံရုံးဝန်ထမ်းများအကူအညီဖြင့် မြန်မာသံရုံး၌ CI လျှောက်ပေးခြင်း ၊ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများအတွက် မလေးလဝကသို့ ပို့ဆောင်ပေးခြင်း စသည်အပြင် အပြန်စရိတ်အတွက် လိုအပ်သော ငွေကြေးထောက်ပံ့ပေးမှုများကို ကျနော်များနိစ္စဒါနပရဟိတအသင်းမှ လိုက်ပါဆောင်ရွက်ကူညီပေးခဲ့ပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Image may contain: 1 person, standingImage may contain: 1 person, standing

ညအချိန်မတော် 888 food court အနီးတွင် မြွေကိုက်ခံရသဖြင့် အသင်းထံသို့ အကူအညီတောင်းခံလာသော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တိန်ဗန်ကျေးရွာနေ အဖ - ဦးရန်ခိုလွန်း ၊ အမိ - ဒေါ်လိန်ဘ တို့၏သား ပေါင်နို့ (ချင်း) အား ကျနော်များ နိစ္စဒါနပရဟိတအသင်းမှ ဦးဆောင်သူများလိုက်ပါ၍ ကွမ်တန်းဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် ပို့ဆောင်၍ဆေးဝါးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

No comments:

Post a Comment