Tuesday 23 August 2016

မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး နိစ္စဒါနပရိဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့် အသင်းသူ/သားများ စည်းဝေးတိုင်ပင်ကာ အသင်းရဲ့ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အများဆန္ဒနဲ့အညီဖြစ်စေရန် ဖြည့်စွက်၊ပြင်ဆင်မှုများ

မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး နိစ္စဒါနပရိဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့် အသင်းသူ/သားများ စည်းဝေးတိုင်ပင်ကာ အသင်းရဲ့ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အများဆန္ဒနဲ့အညီဖြစ်စေရန် ဖြည့်စွက်၊ပြင်ဆင်မှုများ ၊ အသင်း၏လိုအပ်ချက်များ ၊ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ စသည်တို့ကို ပိုမိုအဆင်ပြေနိုင်စေရန်နှင့် အသင်းအနေဖြင့်ရေရှည်တည့်တံ့ခိုင်မြဲကာ ပရဟိတလုပ်ငန်းများကို တက်ညီလက်ညီဆောင်ရွက်နိုင်ကြရန်အတွက် အသင်းဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ ။
"မင်းမပါသော် ဘယ်ဟာမှ မပြီး ၊ မင်းချည်းဘဲလည်း ဘယ်ဟာ မပြီး"..
"သူမပါက ၊ ဘယ်ဟာမှ မပြီး ၊ သူချည်းတော့လည်း ဘယ်ဟာမပြီး" ...
"ငါမပါ ၊ ဘယ်ဟာမှ မပြီး ၊ ငါ့ချည်းသော်လည်း ဘယ်ဟာ မပြီး"...
"မင်း ၊ သူ ၊ငါ ညီညာစုံမှ ၊ အလုံးစုံ အကုန်ပြီးမယ် ၊ ပြုကြစုစည်း" ...
ဟူသော ဆရာသမားများ သြဝါဒနဲ့အညီ .....
တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရနိုင်ရကား ... အများပေါင်းစု၍ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြမှသာလျှင် ကိစ္စတစ်ခုဟာ မြန်ဆန်ထိရောက်၍ အောင်မြင်အကျိုးများမှာဖြစ်ပါတယ်။
"သမဂ္ဂါနံ တပေါ သုခေါ" ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း စုပေါင်းညီညာစွာဖြင့် " online ပေါ်မှာသာ ကိုယ့်အမျိုးကို ချစ်ပြမနေကြဘဲနဲ့ ရနိုင်တဲ့အခွင့်အရေး ၊ လုပ်နိုင့်ဖို့အခွင့်ပေးတုန်းမှာ လက်တွေ့ကျကျ အမျိုးချစ်ကြောင်းကို အလုပ်နဲ့သက်သေပြကြပါစို့လား အမျိုးတို့ရေ.. ။
Admin ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း(ကွမ်းတန်းမြို့)

















No comments:

Post a Comment