Thursday, 25 August 2016


❀ တရားတော်နာ၊ ဖိတ်ကြားလွှာ❀
❀ တရားအသိ၊ ရင်မှာရှိမှ
လောဘ ကင်းကွာ၊ စိတ်ချမ်းသာမည်။
❀ တရားအသိ၊ ရင်မှာရှိမှ
ဒေါသ ကင်းကွာ၊ စိတ်ချမ်းသာမည်။
❀ တရားအသိ၊ ရင်မှာရှိမှ
မောဟ ကင်းကွာ၊ စိတ်ချမ်းသာမည်။
❀ ချမ်းသာခြင်းအား၊ပေးစွမ်းငြားသည့်
တရားအသိ၊ ရင်မှာရှိဖို့-----
❀ သိအပ်သိရာ၊ အဖြာဖြာကို
မြတ်စေတနာ၊ ကရုဏာနှင့်
ပညာဖြည့်စွက်၊ ရှင်းလင်းအပ်သည့်
ဆရာ့စကား၊ မြတ်တရားကို
အတူနာကြား၊ သိ,မြင်,ပွား၍
နိဗ္ဗာန်သွားရန်၊ ဖိတ်ကြားပန်သည်...
ကိုယ်စီ နာကြားနိုင်စေသတည်း...။
❀ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးသည်
၈-လပိုင်း (၂၆, ၂၇, ၂၈, ၂၉ )အထိ ၄-ညတိုင်တိုင်
ပြင်ဦးလွင်မြို့ ၊ အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာကျောင်းတိုက်အတွင်းရှိ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံကျောင်းတော်ကြီးအတွင်း၌
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးဟောကြားမည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Wednesday, 24 August 2016

နိစ္စဒါနအသင်းဝင်များအား အသိပေကြေညာခြင်း





နိစ္စဒါနအသင်းဝင်များအား အသိပေးကြေညာခြင်း
********************************************
23/8/2016 ရက်နေ့တွင် ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့်ပြုလုပ်သော အသင်းဝင်များစုံညီစည်းအဝေးပွဲတွင် အတည်ပြုချမှတ်ခဲ့သော အသင်း၏ရည်ရွယ်ချက် ၊ စည်းကမ်းချက်များပဲ ဖြစ်ပါတယ် ။ ထိုစည်းကမ်းချက်များကို အောက်ဖော်ပြပါ အသင်းဝင်များမှ အသီးသီးလက်မှတ်ရေးထိုးကာ သဘောတူ အတည်ပြုခဲ့ကြပါတယ်ခင်ဗျာ ။

(၁) ကိုဇော်မျိုး (နာယက(၂) -အလုပ်အမှုဆောင်)
(၂) ကိုဇော်မြင့် (ဥက္ကဋ္ဌ)
(၃) ကိုရဲလှိုင်ဝင်း (ဒု-ဥက္ကဋ္ဌ)
(၄) ကိုမောင်မောင် (အတွင်းရေးမှူး - ( အဖွဲ့ဝင် OPAMM))
(၅) ကိုဝင်းကို (စည်းရုံးရေးမှူး)
(၆) မနွယ်နီ (စည်းရုံးရေးမှူး)
(၇) ကိုသိန်းဟန် (စည်းရုံးရေးမှူး)
(၈) ကိုကျော်မျိုး
(၉) ကိုမျိုးအောင်
(၁၀) ကိုထွန်းထွန်းထိုက်
(၁၁) မအေးအေးခိုင်
(၁၂) မခင်မာချို
(၁၃) ကိုထွန်းမင်းခိုင်
(၁၄) ကိုရွှေတိုး
(၁၅) ကိုဇော်မင်းနိုင်
(၁၆) ကိုရနောင်း
နိစ္စဒါနပရဟိတအသင်း (ကွမ်းတန်းမြို့)

Tuesday, 23 August 2016

မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး နိစ္စဒါနပရိဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့် အသင်းသူ/သားများ စည်းဝေးတိုင်ပင်ကာ အသင်းရဲ့ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အများဆန္ဒနဲ့အညီဖြစ်စေရန် ဖြည့်စွက်၊ပြင်ဆင်မှုများ

မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး နိစ္စဒါနပရိဟိတအသင်း၏ နှစ်ပတ်လည်အဖြစ်ဖြင့် အသင်းသူ/သားများ စည်းဝေးတိုင်ပင်ကာ အသင်းရဲ့ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အများဆန္ဒနဲ့အညီဖြစ်စေရန် ဖြည့်စွက်၊ပြင်ဆင်မှုများ ၊ အသင်း၏လိုအပ်ချက်များ ၊ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ စသည်တို့ကို ပိုမိုအဆင်ပြေနိုင်စေရန်နှင့် အသင်းအနေဖြင့်ရေရှည်တည့်တံ့ခိုင်မြဲကာ ပရဟိတလုပ်ငန်းများကို တက်ညီလက်ညီဆောင်ရွက်နိုင်ကြရန်အတွက် အသင်းဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ ။
"မင်းမပါသော် ဘယ်ဟာမှ မပြီး ၊ မင်းချည်းဘဲလည်း ဘယ်ဟာ မပြီး"..
"သူမပါက ၊ ဘယ်ဟာမှ မပြီး ၊ သူချည်းတော့လည်း ဘယ်ဟာမပြီး" ...
"ငါမပါ ၊ ဘယ်ဟာမှ မပြီး ၊ ငါ့ချည်းသော်လည်း ဘယ်ဟာ မပြီး"...
"မင်း ၊ သူ ၊ငါ ညီညာစုံမှ ၊ အလုံးစုံ အကုန်ပြီးမယ် ၊ ပြုကြစုစည်း" ...
ဟူသော ဆရာသမားများ သြဝါဒနဲ့အညီ .....
တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရနိုင်ရကား ... အများပေါင်းစု၍ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြမှသာလျှင် ကိစ္စတစ်ခုဟာ မြန်ဆန်ထိရောက်၍ အောင်မြင်အကျိုးများမှာဖြစ်ပါတယ်။
"သမဂ္ဂါနံ တပေါ သုခေါ" ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း စုပေါင်းညီညာစွာဖြင့် " online ပေါ်မှာသာ ကိုယ့်အမျိုးကို ချစ်ပြမနေကြဘဲနဲ့ ရနိုင်တဲ့အခွင့်အရေး ၊ လုပ်နိုင့်ဖို့အခွင့်ပေးတုန်းမှာ လက်တွေ့ကျကျ အမျိုးချစ်ကြောင်းကို အလုပ်နဲ့သက်သေပြကြပါစို့လား အမျိုးတို့ရေ.. ။
Admin ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း(ကွမ်းတန်းမြို့)

















Friday, 19 August 2016

ဝါဆိုသင်္ကန်းကပ်လှူရန် အသိပေးကြေညာအပ်ပါသည်

အသိပေးကြေညာအပ်ပါသည်
***************************
နိစ္စဒါနပရဟိတအသင်းဝင်များခင်ဗျာ..
ကျွန်တော်များကွမ်တန်းမြို့ရှိ မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေး ပရဟိတအသင်း၏ နှစ်ပတ်ပတ်အသင်းဝင်များစုံညီ အစည်းအဝေးပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို 23/8/2016 ရက် အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်ပါကြောင်းနှင့် အသင်းဝင်များလာရောက်ကြပါရန် အသိပေးအပ်ပါသည်။
နေရာ ။ ။ သိန်းကမ္ဘာမြန်မာဆိုင် (ကိုမောင်မောင်)
အချိန် ။ ။ မွန်းလွဲ 1နာရီခွဲ မှ 5 နာရီအထိ..
ထိုနေ့မနက် ဓမ္မသုခကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူပြီး အာရုံဆွမ်းကပ်လှူပါမည်။

နိစ္စဒါနပရဟိတအသင်း








အကောင်းဆုံး......
ဖြစ်မည်ဟု.......
မျှော်လင့် မိပါသည်....


Thursday, 18 August 2016

၅၅ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့နှင့် မေတ္တာအခါတော်နေ့ အထိမ်း‪အမှတ်ကုသိုလ်တော်နှင့် အခြားအလှူ


၅၅ နှစ်မြောက် ‪#‎နိုင်ငံတော်ဘာသာနေ့နှင့်မေတ္တာအခါတော်နေ့‬ အထိမ်းအမှတ်ကုသိုလ်တော်အဖြစ် ...
ကိုမျိုးအောင် မိသားစုမှ RM55
ကိုခွန်မိုးည မိသားစုမှ RM55
ကိုဖိုးခွန် မိသားစုမှ RM20
ကိုသန့်ဇင်ဝင်း+မချိုချိုဦး မိသားစုမှ RM20
ကိုအောင်မျိုးကျော်+မစုနိုင် မိသားစုမှRM20
ဦးဝင်းမြင့် မိသားစုမှ RM50
မင်းမင်းအောင်(ကယား)မှ RM100 တို့ကို မြန်မာပြည်ရှိရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းထောက်ပံ့နိုင်စေခြင်းအလို့ငှါ မွန်မြတ်သောစေတနာသဒ္ဓါတရားဖြင့် ကျွန်တော်များနိစ္စဒါနပရဟိတအသင်းသို့ အသီးသီးပါဝင်လှူဒါန်းခဲ့ကြပါတယ်ခင်ဗျာ..။
ဤကုသိုလ် သဒ္ဓါစွမ်းအားကြောင့် ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လိုရာပြည့်မြောက် ချဲ,ထီများ ပေါက်ကြပါစေသတည်း။
သာဓု.. သာဓု.. သာဓုပါခင်ဗျာ ။
Admin
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Like
Comment
------------------------------------------------------------------------------------------------------------
နန်းတော်ဝင်မိသားစု RM30
မခင်အုံးကြည် RM20
မသော်သော် RM30
ကွမ်တန်းမှအလှူရှင်တဦးမှ RM30 တို့ကို ရေဘေးသင့် မြန်မာနိုင်ငံသားများအတွက် နိစ္စ-ဒါန
ပရဟိတအသင်းသို့ ပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
လှူဒါန်း ရ သော ကု သိုလ် ကောင်း မှု့ အစုစု တို့အတွက် ဝမ်း မြောက် ဝမ်းသာ သာဓု သာဓု သာဓု ခေါ် ဆိုကြပါကုန် ။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Tuesday, 16 August 2016

ပရဟိတဆိုတာ ပါရမီအလုပ်ပါ


ပရဟိတဆိုတာ ပါရမီအလုပ်ပါ
================
“ပရဟိတ”လုပ်ငန်းဆိုတာ မိမိရဲ့ အချိန်၊ ငွေ၊လုပ်အား လှူရတဲ့အတွက်ကြောင့် “ဒါနပါရမီ” တစ်မျိုး ဖြစ်တယ်...
မြတ်စွာဘုရားရှင် ကိုယ်တိုင် ဘုရားဆုပန်တဲ့ ဘဝမှာ ဒီပင်္ကရာဘုရားနှင့် သံဃာတော်ပေါင်း များစွာအတွက် သူ့ရဲ့ ခန္ဓာကိုယ်ကြီးကို တံတားလိုခင်းပြီး ပရဟိတလုပ်ခဲ့တာပါ...
ဒီ ပရဟိတလုပ်ငန်းကို မြတ်စွာဘုရားရှင် ကိုယ်တိုင် အလောင်းတော်ဘဝတွေက စခဲ့သော်လည်း ဗုဒ္ဓဘာသာ ၁၀၀မှာ ၉၀ လောက်က မလုပ်တဲ့အတွက် ယနေ့ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဟာ အနည်းဆုံး ဖြစ်သွားရတာပါ... ဒါကြောင့် ပရဟိတအလုပ်ဆိုတာ အများအကျိုးဆောင်တာ ဖြစ်သလို သာသနာပြုခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်...
ပါရမီလုပ်ငန်း ဖြစ်တဲ့ ပရဟိတအလုပ်မှာ အရေးကြီးတဲ့ ပါရမီ(၃)ပါးမှ မပါရင် ခဏလေးနှင့် ကျရှုံးသွားတတ်တယ်...
ပထမပါရမီဖြစ်တဲ့ “နေက္ခမ္မပါရမီ” ဆိုတာ အများစုက တောထွက်တယ်လို့ ဘာသာပြန်ကြတယ်... အနှစ်သာရ အနေနဲ့ အလိုလောဘကနေ လွတ်မြောက်ခြင်းဟာ နေက္ခမ္မပါရမီလို့ ခေါ်တယ်.. “အလိုလောဘ”က (၃)မျိုးရှိတယ်.. ပထမလောဘ ဖြစ်တဲ့ “လှူဖွယ်ဝတ္ထုမှာတပ်မက်တဲ့တဏှာ” ကိုကျတော့ လူအများက သတ်နိုင်ကြပေမဲ့ ... ဒုတိယလောဘ ဖြစ်တဲ့ “နာမည်ကြီးချင်တဲ့ လောဘ၊ ကျော်ကြားချင်တဲ့ လောဘ” ကျတော့ အများသောအားဖြင့် မပယ်သတ် နိုင်ကြပါဘူး... အရမ်းသိမ်မွေ့တဲ့လောဘ ဖြစ်တဲ့အတွက် ဒီလောဘဒဏ်ကို မခံနိုင်ပဲ အများစုက ဒီလောဘမှ မထွက်မြောက်နိုင်ပဲ ကျရှုံးသွားကြတယ်... တကယ်တမ်း နာမည်ကြီးဖို့ထက် အလှူခံချမ်းသာဖို့က ပိုအရေးကြီးတာပါ... တတိယလောဘက “နောင်ဘဝ ချမ်းသာချင်တဲ့လောဘ” ... အမှန်တော့ အကျိုးလိုချင်တဲ့လောဘပါ.. ပရဟိတလုပ်ပြီဆိုရင် ယခုဘဝ ချမ်းသာချင်တာရော နောက်ဘဝ ချမ်းသာချင်တာရော မလိုချင်ရပါဘူး... မလိုချင်လည်း အကျိုးက ရမှာပါ.. ကိုယ်လိုချင်တဲ့စိတ်ကို သတ်ဖို့ ပြောတာပါ... အဓိကနှင့် သာမညကို ခွဲခြားရတယ်... ကိုယ်တိုင် မလှူရလိုက်လည်း အရေးမကြီးပါဘူး .. အဓိကက အလှူခံပုဂ္ဂိုလ် အဆင်ပြေဖို့ အလှူခံ ချမ်းသာဖို့က အရေးကြီးတာပါ.. အဲဒီ လောဘကို သတ်နိုင်အောင် ကြိုးစားကြပါ...
နောက်ပါရမီဖြစ်တဲ့ “ဥပေက္ခာပါရမီ”ဆိုတာ မိမိကို ပရဟိတလုပ်ငန်းတွေ လုပ်တဲ့အတွက်ကြောင့် လူတွေ အထင်ကြီးပြီး ချီးမွမ်းလာလိမ့်မယ်... အဲဒီအခါမှာ လောဘမဖြစ်ရဘူး၊ ဘဝမမြင့်ရဘူး... ချီးမွမ်းခံချင်လို့ ပရဟိတလုပ်တာမဟုတ်... သူတော်ကောင်း တစ်ယောက်အနေနှင့် လုပ်သင့်လို့ လုပ်တာပါ... ဘုရားလမ်းစဉ်ကို လိုက်တာပါ... မလိုအပ်တဲ့ ပုဂ္ဂိုလ်တွေက ကဲ့ရဲ့ ရှုတ်ချခဲ့ရင်လည်း ဝမ်းမနည်းနေနှင့်... ကိုယ့်အလုပ်ကို ဆက်လုပ်ကြ... အဲဒါကို “ဥပေက္ခာပါရမီ”လို့ ခေါ်တယ်...
နောက်ဆုံး ပါရမီ ဖြစ်တဲ့ “အဓိဋ္ဌာန်ပါရမီ” ဆိုတာ အလုပ်လုပ်ရင် မဖြစ်ဖြစ်အောင် လုပ်ရမယ်... ဘယ်လောက် အတားအဆီး အနှောက်အယှက်တွေပဲ့ လာလာ တွန့်မသွားရဘူး... အသက်သာပေးရင် ပေးရပါစေ... နောက်မဆုတ်ရဘူး အဲဒီ “အဓိဠာန်ပါရမီ” ပါမှလည်း အောင်မြင်တာပါ...
အဲဒီ ပါရမီ(၃)ပါးနှင့် ကြိုးစားပြီးတော့ ဘုရားလမ်းစဉ်အတိုင်း အများအကျိုးကို ဆောင်ရွက်နိုင်ကြတဲ့ ပညာရှိ သူတော်ကောင်းများ ဖြစ်ကြပါစေ...
(မေတ္တာရှင် ရွှေပြည်သာ)
ပြန်လည်မျှဝေခြင်း
ဇော်မျိုး (ကွမ်တန်းနိစ္စဒါနပရဟိတအသင်း)

Monday, 15 August 2016

သံရုံးမှပြုလုပ်သော မလေးရှားရောက်မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရောက်ကူညီရေးအဖွဲ့အတွက်



သံရုံးမှပြုလုပ်သော မလေးရှားရောက်မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရောက်ကူညီရေးအဖွဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံးပြီးနောက် ကျွန်တော်များနိစ္စဒါနအဖွဲ့သားများသည် Rawang မြို့နယ် Batu Arang ရှိ ဒုက္ခသည်လူနာများကူညီစောင့်ရှောက်ရေးစခန်း PERCH သို့ ယခင်လက ပို့ဆောင်ထားသော စစ်တွေသား ကိုကျော်မြင့်နှင့် ရမ်းဗြဲသားကိုမြင့်ဇော်တို့၏ အခြေအနေကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ထို့နောက် PERCH ဒုက္ခသည်လူနာများကူညီစောင့်ရှောက်ရေးစခန်းသို့ လိုအပ်ရာတွင်အသုံးပြုနိုင်စေရန် RM 500 ကိုလဲ အသင်းမှ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
လာမည့် 17 ရက်နေ့တွင် sungai buloh ဆေးရုံကြီးတွင် တက်ရောက်၍ ရောဂါရှာဖွေဆေးကုသမှုခံယူရန်ရှိသော ကိုကျော်မြင့်အတွက် လိုအပ်နေမှုတချို့ကိုလဲ စီမံပေးခဲ့ကြပါသည်။
(PERCH သို့ တကူးတကလာရောက်၍ မိမိတို့နှင့်အတူ လူနာများကို ကြည့်ရှုအားပေးပါသော သံရုံးမှ ကိုသီဟမောင်မောင်နှင့်ဇနီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

မလေးရှားနိုင်ငံ မြန်မာသံရုံး မှ ဦးဆောင်ဖွဲ့စည်း လိုက်သော.



မလေးရှားနိုင်ငံ မြန်မာသံရုံး မှ ဦးဆောင်ဖွဲ့စည်း လိုက်သော...
မလေးရှားနိုင်ငံ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအသင်း
ဖွဲ့စည်းရာတွင်....
Pahang ပါဟန်းပြည်နယ်တခုလုံးအတွက် ကျွန်ုပ်တို့နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)
မှ အတွင်းရေးမှူး ကိုမောင်မောင် အား အစစအရာအရာ သံရုံးကိုယ်စား ကူညီဆောင်ရွက်ပေးရန် သံရုံးတာဝန်ရှိလူကြီးများနှင့် မိမိတို့ပရဟိတအသင်းသား/သူများမှ ရွေးချယ်တင်မြောက်လိုက်ပါသည်။
တာဝန်မပေးပဲတောင်လုပ်နေကြတဲ့ နိစ္စဒါနပါဗျာ.. အခုလိုဆိုတော့. 😊😊😊
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

ကိုယ့်အသင်းရဲ့ မူလရည်ရွယ်ချက်ကလေး မေ့နေကြမှာစိုးလို့ ပြန်တင်ပေးတာပါနော်.. :-)




ကိုယ့်အသင်းရဲ့ မူလရည်ရွယ်ချက်ကလေး မေ့နေကြမှာစိုးလို့ ပြန်တင်ပေးတာပါနော်.. 

Sunday, 14 August 2016

ကွမ်တန်းက အမျိုးတို့ရေ.. ရေဘေးအလှူ ပါဝင်ကူကြပါလို့ နိုးဆော်အပ်ပါတယ်ခင်ဗျာ..




ကွမ်တန်းက အမျိုးတို့ရေ..
ရေဘေးအလှူ ပါဝင်ကူကြပါလို့ နိုးဆော်အပ်ပါတယ်ခင်ဗျာ..
နိစ္စ-ဒါနပရဟိတအသင်း (ကွမ်တန်း)

Saturday, 13 August 2016

Nicca Dana (ကွမ်တန်းနိစ္စဒါန)ဘလော့





Nicca Dana (ကွမ်တန်းနိစ္စဒါန)ဘလော့ကို 13.8.2016ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။
                                                                                Kuantan Min Yar Zar (ကွမ်တန်းမင်းရာဇာ)